သံတောင်ကြီးမြို့နယ်ရှိပညာရေးကျောင်းများဖွင့်လစ်နိုင်ဖို့ စစ်ကောင်စီလက်အောက် Non CDMဆရာ/မများကကြိုးပမ်း။ သံတောင်မြို့အနီးရှိကျေးရွာငယ်များ စစ်ကောင်စီတပ်များက ညချိန် အိမ်ဝင်စစ်ဆေးမှုများပြုလုပ်။


သံတောင်ကြီးမြို့နယ်၊ Taw Oo Karen News

၃၁ရက် ဒီဇင်ဘာလ ၂၀၂၁ခုနှစ်။


ကရင်ပြည်နယ်‌ ၊သံတောင်ကြီးမြို့နယ်အတွင်းရှိ ပညာရေးကျောင်းများ‌ဖြစ်သောအထက၊ အလကကျောင်းများ အမြန်ဆုံးပြန်ဖွင့်လစ်နိုင် ရေးအတွက် Non CDM ပညာရေးမှူး၊ Non CDM ကျောင်းဆရာ/မများကကြိုးပမ်းစီစဉ်နေကြောင့်  Taw Oo Karen News ထံမှ ဒေသခံများ ပြောခဲ့ပါသည်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ (၂၆)ရက်နေ့မှာ သံတောင်ကြီးမြို့ရှိ ခရစ်ယာန် အသင်းအုပ်ဆရာများထံသံ‌တောင်ကြီးမြို့ပညာရေး ကျောင်းများပြန်လည်ဖွင့်လစ်ဖို့ Sunday Worship ချိန်တွင် ထည့်သွင်းကြေညာ ပေးဖို့စစ်ကောင်စီတပ်များက စေခိုင်းခဲ့ကြောင့်သိခဲ့ရပါသည်။ 



သံတောင်မြို့သစ်၊ ပျားစခန်း အထကကျောင်း၌လည်း ဒီဇင်ဘာလ၂၅ရက်နေ့က Non CDM ကျောင်းဆရာမ ယမင်း ဦးဆောင်ပြီး ကျောင်းသားမိဘများ အစည်းအဝေးခေါ်ခဲ့သော်လည်း ကျောင်းသားမိဘ ()ဦးသာလာခဲ့ကြောင့် အစည်းဝေးမဖြစ်မြှောက်ခဲ့ပါ။ ၎င်း Non CDM ကျောင်းဆရာမ ယမင်းသည် လာမည့် ဇန်နဝါရီလ ()ရက်နေ့တွင် အစည်းအဝေးထပ်မံစည်းရုံးခေါ်ရန်စီစဉ်နေကြောင့် ကျောင်းသားမိဘများထံမှသိရှိခဲ့ရပါသည်။ သူမသည် စစ်ဗိုလ်ချုပ်တစ်ဦး၏ ညီမတော်စပ်ကြောင့်လည်း Taw Oo Karen Newsမှ စုံစမ်းသိရှိခဲ့ရပါသည်။


သံတောင်ကြီးမြို့နယ်အတွင်း ပညာရေးကျောင်းများဖြစ်သော သံမိုးတောင်အုပ်စု၊ အလယ်ချောင်းအုပ်စု၊ ပျားစခန်း၊ သံတောင်ကြီးမြို့၊ သပြေညွှန်း ၊သောက်ရေခပ်ရှိ အထက၊ အလကကျောင်းများ အခြားသောတောင်ပေါ်ကျေးရွာများရှိ ကျောင်းများဖွင့်လစ်နိုင်ရေးအတွက် Non CDM ပညာရေးမှုမှ ဖိအားပေး စာများ ပို့ပေးခဲ့တာရှိသလို Non CDMကျောင်းဆရာ/မများလည်း CDM သူငယ်ချင်း အချင်းချင်များထံ ကျောင်းလာရန်ဖုန်းဆက် ဖိအားပေးခဲ့တာတွေရှိကြောင့် သိရှိခဲ့ရပါသည်။ 


ယမန်နေ့ဒီဇင်ဘာလ ၃၀ရက်နေ့တွင် သံတောင်ကြီးမြို့ရှိ ဘုရင်နောင်တပ်စခန်းစစ်ကောင်စီတပ်သားများ သင်တန်းဆက်လက်တက်ကာလက်နက်ကြီးများ မနက်မွန်းတည့်ချိန်မှစညနေခင်းအထိ ပစ်ခတ်ခဲ့ပြီး ညအချိန်တွင်လက်နက်ငယ်များပစ်ခတ်ခဲ့ကြောင်း သိခဲ့ရပါသည်။ ဒီဇင်ဘာလ၂၉ရက်နေ့ ညအချိန် သံတောင်ကြီးမြို့နယ်ရှိ ရွှေညောင်ပင် ကျေးရွာတွင်စစ်ကောင်စီတပ်များ အိမ်ထဲဝင်စစ်ဆေးမှုများလည်းပြုခဲ့ကြောင်းဒေသခံများထံမှ သိခဲ့ရပါသည်။ဒီဇင်ဘာလဒုတိယအပတ်တုန်းကလည်း သံတောင်၊ဘောဂလိလမ်း ရှိကျေးရွာ နေအိမ်များ၊ ပြည်သူများလုပ်စားကိုင်စားသည့်ရောဘာခြံ၊ကွမ်းခြံရှိတဲများထံညအချိန် ဧည့်စာရင်း၊အိမ်ထောင်စုစာရင်း အကြောင်းပြကာစစ်ကောင်စီတပ်များ စစ်ဆေးမှုများပြုခဲ့ကြပါသည်။


#တောင်ငူခရိုင်

#tawOokarenNews

Post a Comment

0 Comments