တောင်ငူမြို့အမှတ်(၄)ရက်ကွက်ပရဟတိအမျိူးသားတစ်ဦးမှ စစ်ကောင်စီတပ်များ ဖမ်းဆီးနှိမ့်စက်သတ်ဖြတ်။

တောင်ငူမြို့၊ Taw Oo Karen News။
၃ရက် ဇန်နဝါရီလ ၂၀၂၂ခုနစ်။

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊တောင်ငူမြို့ပေါ်တွင်အကြမ်းဖက်စစ်အုပ်စုမှဖမ်းဆီးပြီး နောက်ရက်သေဆုံးပြီဖြစ်ကြောင်းမိသားစုကိုခေါ်ပြီးအသိပေးခဲ့တယ်လို့မိသားစုဝင်များထံမှသိခဲ့ရပါတယ်။
တောင်ငူမြို့အမှတ်(၄)ရပ်ကွက် ဦးပန်းဖြူလမ်းနှင့်ထန်းတောလမ်းထိပ်တွင်နေထိုင်သည့် ကိုဇင်မင်းထိုက်(ခ)ကိုကိုကြီးအား  အုတ်တွင်းမြို့နယ်တွင်  ၁ရက်၊၁လ၊ ၂၀၂၂ခုနစ် နေ့ခင်း၂နာရီဝန်းကျင်ခန့်အချိန်တွင်စစ်‌ ကောင်စီတပ်များမှဖမ်းဆီးခံရပြီး  ၂ရက်နေ့တွင်  မိဘနှင့်အမျိုးသမီးအား  မနက် ၁၀ နာရီကျော်တွင်  တောင်ငူအမှတ်၂ရဲစခန်း၌ခေါ်ယူပြီးကိုဇင်မင်းထိုက်(ခ)ကိုကိုကြီးအားသေဆုံးသွားကြောင်းပြောခဲ့ပါသည်။ထိုကိုဇင်မင်းထိုက်အလောင်းကိုလိုက်လာကြည့်ရင်းမျက်နှာသာတစ်ခုထဲပြပြီးအလောင်းပြန်မပေးပဲ ရဲတာဝန်ရှိသူတို့ကိုယ်တိုင်သဂြိုလ် လိုက်ပါတယ်လို့ဆိုကြပါတယ်။
မိသားစုများမှအလောင်းပြန်ယူခွင့်သဂြိုလ်ခွင့်မပေးပါ။တောင်ငူမြို့အမှတ်၂ရဲစခန်းမှုး၏ဖုန်းထဲတွင် ကိုဇင်မင်းထိုက်ကို ဖမ်းဆီးစဥ်နှိမ့်စက်ထားသောပုံများတွေ့ရှိသည်ဟုမိသားစုဝင်များကပြောဆိုပါသည်။ "ကိုဇင်မင်းထိုက်သည် ကိုဗစ် ရောဂါပြန့်ပွားနေချိန် ပရဟိတအဖြစ်"ပါဝင်လုပ် ဆောင်ခဲ့ဖူးကြောင့်လုပ်ဖော်ကိုင်ဖက်များကဆိုကြပါသည်။

ပုံ-ကိုဇင်မင်းထိုက်(ခ)ကိုကိုကြီး

#တောင်ငူခရိုင်
#tawOoKarenNews

Post a Comment

0 Comments