သံတောင်ကြီးမြို့နယ် တပ်မဟာ (၂)နယ်မြေအတွင်းအာဏာသိမ်းစစ်ကောင်စီလက်အောက်ခံတပ်သား (၃)ဦး ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရပြီးသေဆုံး။

သံတောင်ကြီးမြို့နယ်၊ Taw Oo Karen News။

၆ရက် ဇန်နဝါရီလ ၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်လိပ်သိုလ်မြို့ခွဲ နှင့် လွိုင်ကော်လမ်းရှိ လေလော်ဒေး‌ ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းတခုဖြစ်တဲ့ ကျောက်လုံးကြီးစခန်း ( ခလရ -၆၀၄)တပ်သား (၃)ဦးအား ယနေ့ နံနက် ၉နာရီ ၅မိနစ်ခန့်အချိန်တွင် ရေဆင်းခပ်နေစဉ်အမည်မသိအဖွဲ့များမှလာရောက်မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် (၃)ဦးစလုံး ၎င်းနေရာတွင်ပင်သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံလူကြီးတစ်ဦးထံမှသတင်းရရှိခဲ့ပါသည်။ယခင်လများထဲကပင် ထို ဒေသရှိစစ်ကောင်စီတပ်စခန်းသည် မကြာခဏ လက်ပစ်ဗုံးဖြစ်စေ၊ လက်နက်ငယ်ဖြစ်စေ ပစ်ခတ်ခံခဲ့ရပါသေးသည်။

ထိုနည်းတူ ပြီးခဲ့သည်လ ဒီဇင်ဘာလစအချိန်၌လည်း လိပ်သိုလ်‌မြို့ အထူးဒေသ ဖြစ်တဲ့ မင်းလမ်းတောင်အုပ်စု ချဉ်ပတောင်ရွာနှင့် အာမရာ ရွာကြား လမ်းကင်းဝပ်နေခဲ့သည့်စစ်ကောင်စီတပ်မျာသည်  ဗုံးဖြင့်တိုက်ခိုက်ခံရ‌ခြင်းကြောင့်  (၂)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးသည်။

#တောင်ငူခရိုင် 

#tawookarennews


Post a Comment

0 Comments